နှင်းဆီဓါးသွား
hninseedharthwar
သူမရဲ့ ဖခင်ဖြစ်သူဟာ တစ်မိသားစုလုံးရဲ့ စည်းစိမ်ဥစ္စာတွေကို အလောင်းအစားထဲမှာ ဆုံးရှုံးသွားစေခဲ့ရုံတင်မကဘဲ အခုအချိန်အထိ နောင်တရခြင်းမရှိဘဲ လောင်းကစားကို စွဲလမ်းနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ဆရာက လောင်းကစားလောကကို ပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက် ဖဲလိမ်ကစားနည်းပညာတွေကို သင်ကြားပြသပေးခဲ့ပါတယ်။
ဒီပညာရပ်ကို အပတ်တကုတ် ကြိုးစားပြီး အဆင့်မြင့်ဆုံးအထိ ကျွမ်းကျင်တတ်မြောက်သွားတဲ့အခါမှာတော့ သူမဟာ စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့အတူ ဇာတိမြေကို ပြန်လည်ရောက်ရှိလာပြီး သူမကို လောင်းကစားဝိုင်းထဲ ခေါ်သွားပေးဖို့ ဖခင်ဖြစ်သူကို တောင်းဆိုခဲ့ပါတယ်။
ဖဲဝိုင်းထဲ ရောက်တဲ့အခါမှာတော့ ပထမဆုံးအနေနဲ့ ဖခင်ဖြစ်သူရဲ့ ကိုယ်ပိုင်ငွေတွေကို အရင်ရှုံးစေခဲ့ပြီးမှ သူမကိုယ်တိုင် ဝိုင်းထဲကို ဝင်ရောက်ကစားခဲ့ပါတယ်။ စိတ်ပညာနည်းဗျူဟာတွေ၊ မျက်လှည့်ပြသလို ဖျတ်လတ်ဆန်းကြယ်လှတဲ့ လက်ကစားနည်းတွေကို သုံးပြီး တစ်ဖက်ကစားသမားတွေ မရိပ်မိအောင် အယုံသွင်းကာ နောက်ဆုံးမှာတော့ ဆုံးရှုံးသွားခဲ့သမျှ စည်းစိမ်တွေအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရုံသာမက ဆန့်ကျင်ဘက် လောင်းကစားသမားတွေကိုပါ လုံးဝ ဒေဝါလီခံ ပြုတ်ပြုတ်ပြုန်းသွားအောင် ကစားပြခဲ့ပါတော့တယ်။
ဒါကတော့ လောင်းကစားကြောင့် ပျက်စီးခဲ့ရတဲ့ မိသားစုဂုဏ်သိက္ခာကို ဉာဏ်ပညာနဲ့ အစွမ်းအစတွေကို အသုံးချပြီး ပြန်လည်ရယူပြမယ့် "နှင်းဆီဓါးသွား" ရဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။